JS Guideline

·S1 E17

Tree of Life — အသက်ပင်

Apr 29, 2022
26 mins

Episode Description

“အသက်ပင်”ကိုသမ္မာကျမ်းစာအုပ်ရဲ့ပထမစာအုပ် ကမ္ဘာဦးကျမ်းမှာ ဖော်ပြထားတာတွေ့ရတယ်။
ကမ္ဘာဦး ၂း၉၊ ဧဒင်ဥယျာဉ်အလယ်မှာ အသက်ပင်နှင့်၊ ကောင်းမကောင်းသိကျွမ်းရာအပင်ရှိတယ်။
ဧဒင်ဥယျာဉ်ထဲမှာရှိတဲ့အသီးရှိသမျှလွှတ်လပ်စွာစားခွင့်ရှိပေမဲ့၊ ဥယျာဉ်အလယ်က ကောင်းမကောင်းသိကျွမ်းရာအပင်ရဲ့အသီးကိုတော့ စားခွင့်မရှိဘူး။ ဒါပေမဲ့လူက မစားရတဲ့အသီးကိုစားပြီး၊ စားရမယ့်အသီးကိုမစားတဲ့အတွက် အပြစ်တရားဝင်လာတယ်။
“အသက်ပင်”ကို သမ္မာကျမ်းစာအုပ်ရဲ့နောက်ဆုံးဗျာဒိတ်ကျမ်း ၂၂း၂၊ ၁၄၊ ၁၉ မှာ တွေ့ရတယ်။
အသက်ပင်ရဲ့အကျိုးကိုခံစားရဖို့ ပညတ်တော်ကိုကျင့်သောသူဟာ မင်္ဂလာရှိတယ်။ ကမ္ဘာဦးကျမ်းမှာတွေ့ရတဲ့ အသက်ပင်နှင့် ကောင်းမကောင်းသိကျွမ်းရာအပင်လိုပဲ၊ ဗျာဒိတ်ကျမ်းမှာ အသက်ပင်နှင့် ပညတ်တော်နာခံခြင်းကို ပြန်လည်မြင်တွေ့ရတယ်။
အသက်ပင်နှင့်ဆိုင်ဖို့ရန် ပညတ်တော်ကိုလိုက်လျှောက်ခြင်းဟာ အသင်းတော်ဖြစ်တဲ့ယုံကြည်သူတွေအတွက်ဖြစ်တယ်(ဗျာ၂း၇)။ နှုတ်ကပတ်တော်အတိုင်းအသက်ရှင်သူဟာ အသက်ပင်ကိုဆက်ဆံခွင့်ရှိတယ်။

အသက်ပင်ဆိုတာဘာလဲ?
အသက်ပင်နှင့်ပတ်သက်တဲ့ဖော်ပြချက်(၄)ခုကို သုတ္တံကျမ်းထဲမှာတွေ့ရတယ်။
(ဒီမှာတော့ (၂)ချက်ပဲဖော်ပြပါမယ်။)
1. ပညာကိုကိုင်ဆွဲသောသူသည် အသက်ပင်ကိုရပြီ။ သုတ္တံကျမ်း ၃း၁၅-၁၈
- ပညာထဲမှာ ဘာရှိသလဲ?
- ပညာထဲမှာရှိတဲ့အရာသည် အသက်ပင်ရဲ့အကျိုးဖြစ်တယ်။

2. ဖြောင့်မတ်သောသူသည် အသက်ပင်အသီးကို သီးတတ်တယ်။ သုတ္တံကျမ်း ၁၁း၂၈-၃၁
- ဘေးပတ်ဝန်းကျင်တွေမှာ ပြသနာဝိုင်းထားတဲ့အချိန်မှာ ဖြောင့်မတ်သူ၌ဘာဖြစ်သလဲ?
- ဖြောင့်မတ်ခြင်းကို ယေရှုအားဖြင့်သာ ရနိုင်တယ်။
See all episodes